မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ...
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
မြစ်ဆုံရေကာတာစီမံကိန်းကြီးကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လူမိုက်လုပ်ပြီး ဗွီတိုဆန်ဆန် ရပ်ဆိုင်းလိုက်တဲ့အတွက် ပြည်သူအားလုံး စိတ်ချမ်းသာမှု ရသွားကြရပါတယ်။ တရုတ်အလိုတော်ရိတွေ မြစ်ဆုံစီမံကိန်းမှာ လာဘ်စားထားသူတွေ ပါဝင်ပတ်သက်နေသူတွေ ဗမာမဟုတ်သူတွေအတွက်တော့ နားထဲကို သံရည်ပူ လောင်းချသလို ခံစားကြရမယ်ထင်ပါတယ်။ မြန်မာမဟုတ် လောဘကဇိ့ တက်နေသူတွေ အတွက် အမင်္ဂလာသတင်းပါ။ မြန်မာနိုင်ငံ ပြည်သူအားလုံး အတွက်က အနိုင်းမရနိုင်တဲ့ အောင်ပွဲပါ။