Showing posts with label Magup Sumhpa. Show all posts
Showing posts with label Magup Sumhpa. Show all posts

Sunday, October 16, 2011

Core i3, i5, i7 တို့ရဲ့ကွာခြားချက်များ

သူငယ်ချင်းတို့ရေ . . . Computer ရဲ့ Hardware နဲ့ပါတ်သက်ပြီး သိသင့်တယ်ထင်လို့ . . . မျှဝေလိုက်ပါတယ် . . .
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
http://api.ning.com:80/files/6f*gG0d4hIDTSBHI-j5ZalQKQyuuVm2lvqKvtSnCwPxr6KB9q6WDXfIaRQAeVewkx1uu2JSTEp2mJSEQffIrFv6ATXboQPtV/vd.jpg
Core i3 , core i5 , core i7
အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….

Friday, October 14, 2011

စစ်ဦးဘီလူး ယက္ခဗျူဟာ အိုဘယ့်ကျမ်းလာ

ကိုလင်း(သလ္လာဝတီ) ရေးသားသည်ကို ကူးယူဖော်ပြပါသည်။

(ရေးသားရခြင်း ရည်ရွယ်ချက်။ ။စစ်ဦးဘီလူး ယက္ခဗျူဟာစာအသုံး ဘလော့ဂါတစ်ယောက် သုံးသည်ကို သတိထားမိသဖြင့် ယင်းအသုံးနှင့်ပတ်သတ်ပြီး အကျယ်အားဖော်ပြပါက နှောင်းလူတို့ အကျိုးများမည်ဟု ယူဆမိသည့်အတွက် တတ်အားသမျှ ကြိုးစားတင်ပြလိုက်ရသည်။အမှားရှိပါက ပညာရှင်များ ပြုပြင်သုတ်သင်ဝေဖန်နိုင်ပါသည်)

စစ်ဦးဘီလူး ယက္ခဗျူဟာတွင် ပါရှိသည့် စစ်ဦးဆိုသည်မှာ စစ်ဖျား၊စစ်လျင်ဟုလည်း ခေါ်ဆိုပြီး “စစ်ဦးခေါင်း”ဟူ၍လည်း ၀ိဂြိဟ်ပြုကြသေးသည်။ဗိုလ်ချုပ်(ဖခင်အောင်ဆန်း)က စစ်ဦးခေါင်းနှင့်ပတ်သတ်ပြီး “စစ်ဦးခေါင်း(သို့)စစ်ဖျားစစ်လျင်မှာ ကင်းထောက်ရှေ့ပြေးတပ်သဖွယ်ပင်ဖြစ်သည်။ယခုအခါတွင် ထိုစစ်လျင်စစ်ဖျားနေရာကို လေတပ်ဖြင့်လည်းကောင်း၊ယန္တယား Tank အပေါ့စားတပ်ဖြင့် လည်းကောင်း စေလွှတ်ပေမည်။သို့သော် သဘောမှာ အတူတူအလိုပင်ဖြစ်ပေသည်”ဟု ဗိုလ်ချုပ်၏ သေနင်္ဂဗျူဟာကျမ်း ဥယောဇဉ်တွင် ဖော်ပြထားသည်။


Thursday, October 13, 2011

တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ

-ကျော်သူဟန်-၁၁-၁၀ -၂၀၁၁


စီးပွားရေးကျဆင်းမှုကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရ သည်။

အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် စီးပွားရေး အကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှု များပင် ရရှိခဲ့သည် ဟုဆိုနိုင်သည်။
တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ များတိုးပွားခဲ့ပြီး၊ တိုင်းပြည်၏ ပို့ကုန်လုပ် ငန်းများလည်း ထိခိုက်ခဲ့ပါသည်။

သို့သော်ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီ သည် ၈.၅ ရာခိုင် နှုန်းအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍၊ တရုတ်၏ ၈.၅ ရာခိုင်နှုန်း မြင့်တက်မှုသည် အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေ ရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန် ကောင်းမွန်ခဲ့သည်။


Wednesday, October 12, 2011

Steve Jobs [ 1955-2011 ] :'( Steve Jobs With His Wife After His Last Keynote

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့ အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင်

Wednesday, September 28, 2011

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို န၀တဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က By ရော်နီညိမ်း စနေ, 24 စက်တင်ဘာ 2011

တပ်မှူးတပ်သား ပြောစကား (၀၇၉)


၁၉၆၂ခုနှစ်ကကော၊ ၁၉၈၈ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက် မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

သမိုင်းထဲကနေ သင်ခန်းစာယူစရာဖြစ်တဲ့၊ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်ကောင်စီဝင် ကျန်စစ်ခေါင်းဆောင်တွေ သစ္စာ ဖေါက်ပြီး၊ ၁၉၉၂ ဧပြီလ (၂၇)ရက် နေ့ မှာ  စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်အကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ဦးရော်နီညိမ်း တို့ ဆွေးနွေးတင်ပြထားတာကို၊ ဒီသီတင်း ပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး  တင်ဆက် လိုက်ပါတယ်။