Posted by mghtanngyi on November 8, 2011 at 6:40pm
Message ပို့ မယ် View Blog
အမေရိကန် သတင်းသမား တစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီ ဂျေ ဟားရစ် ဆိုသူက ''ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်ဟာ ပြတင်းတံခါးတွေကို အလင်းတံခါးတွေ ဖြစ်အောင် မှန်တွေတပ်လိုက်ဖို့ပဲ'' လို့ ပြောသွားတဲ့စကား မှတ်သားလောက်ပါတယ်။
ကမ္ဘာလောကကြီးကို ရှုမြင်နိုင်အောင် ဖွင့်ပေးလိုက်ဖို့ လိုပါတယ်။ ဖောက်ထွင်းမြင်နိုင်အောင် ကြည့်ခွင့်ပေးဖို့ လိုပါတယ်။ ပညာရေးကို
တံခါးပိတ်၊ အလုံပိတ်မထားဘဲ ကမ္ဘာကြည့် ကြည့်မြင်နိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။