Tuesday, November 8, 2011

ကမ္ဘာ့ အကောင်းဆုံး ဘော်ဒါကျောင်းများ


Posted by mghtanngyi on November 8, 2011 at 6:40pm
Message ပို့ မယ် View Blog








အမေရိကန် သတင်းသမား တစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီ ဂျေ ဟားရစ် ဆိုသူက ''ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်ဟာ ပြတင်းတံခါးတွေကို အလင်းတံခါးတွေ ဖြစ်အောင် မှန်တွေတပ်လိုက်ဖို့ပဲ'' လို့ ပြောသွားတဲ့စကား မှတ်သားလောက်ပါတယ်။





ကမ္ဘာလောကကြီးကို ရှုမြင်နိုင်အောင် ဖွင့်ပေးလိုက်ဖို့ လိုပါတယ်။ ဖောက်ထွင်းမြင်နိုင်အောင် ကြည့်ခွင့်ပေးဖို့ လိုပါတယ်။ ပညာရေးကို

တံခါးပိတ်၊ အလုံပိတ်မထားဘဲ ကမ္ဘာကြည့် ကြည့်မြင်နိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။

သုတေသီတွေက ဘော်ဒါဆောင်နေပြီး ပညာသင်ကြားနေကြတဲ့ ကလေးတွေဟာ အခြားသူတွေထက်ပိုပြီး လွတ်လပ်တယ် လို့ပြောကြ တယ်။ စည်းကမ်းနဲ့ချုပ်ကိုင်ထားပြီး ပိုကောင်းအောင်၊ ပိုတော်အောင် လုပ်ဆောင်နိုင်ကြတဲ့အတွက် တက္ကသိုလ်တွေထက် သာတယ် လို့ပြောကြတယ်။ ဒါပေမဲ့ ဒီလိုစည်းကမ်းစနစ်နဲ့ ချုပ်ကိုင်တုပ်နှောင်ထားတာကိုလည်း ဝေဖန်ဆန်းစစ်စရာတွေ ဖြစ်လာတယ်။ စည်းကမ်းရှိမှ တိုးတက်မှာလား၊ တိုးတက်ရင် စည်းကမ်းရှိမှာလားဆိုတာတွေဟာ ပြောစရာဖြစ်လာတယ်။

ဘော်ဒါဆောင်တွေကနေ ပညာသင်ကြားပေးတဲ့ စနစ်ဟာ ကလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားနိုင်သလဲ။ သိသာတဲ့ အချက်ကတော့ အင်္ဂလိပ်လို အထူးလေ့ကျင့်တဲ့ဘော်ဒါတွေမှာ အင်္ဂလိပ်လို အပြောတွေက ထူးခြားစွာ တိုးတက်သွားတာပါပဲ။

နိုင်ငံတကာဘော်ဒါကျောင်းတွေမှာ အများဆုံး အသုံးပြုကြတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာ စကားပါ။ စီးပွားရေး၊ အိုင်စီတီ၊ သိပ္ပံကျောင်းတွေမှာ အင်္ဂလိပ်စာကိုပဲ အဓိက သင်ကြတာများတယ်။ ပြဋ္ဌာန်းချက်တွေကလည်း အင်္ဂလိပ်လို တပြေးညီ၊ ပြောဆိုသုံးစွဲကြ တာကလည်း အင်္ဂလိပ်လိုဆိုတော့ အားလုံး စံတစ်ခုထဲအောက်မှာ ရောက်ကုန်ကြတယ်။ ဒီတော့ သင်ကြား သင်ယူမှုဖြစ်စဉ်မှာ
ပိုပြီးလွယ်ကူ အဆင်ပြေသွားတယ်။ဘော်ဒါကျောင်းတွေမှာ ကိုယ့်ကျောင်းသတ်မှတ်ချက်အလိုက် အင်္ဂလိပ်စာ
ကျွမ်းကျင်မှု မတူညီကြဘူး။ ဒါပေမဲ့ ပြဋ္ဌာန်းချက်ကရှိပြီးသားဖြစ်နေလို့ နောက်ဆုံးမှာ အားလုံး အဆင်ပြေ သွားကြတာများတယ်။


အခြားတိုင်းတပါးမှာ ပညာသွားရှာချင်ကြတဲ့ အာရှတိုက်သားတွေရဲ့ အဓိကဒုက္ခကတော့ ဘာသာစကားပဲ။ အစောပိုင်းကတည်းက ဒီပြဿနာကို ဖြေရှင်းလာရင် ပိုပြီးအဆင်ပြေတာပေါ့။ အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို ကိုယ့်သားသမီးအတွက်

မျိုးစေ့ချပေးတာဟာ ကမ္ဘာကိုရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ခြင်းလို့ မိဘတိုင်းက သဘောပေါက်လာကြတယ်။

နိုင်ငံခြားသွားပြီးတော့ ကျောင်းအိပ်ကျောင်းစားထားတယ်ဆိုတာ ပညာရေးတစ်ခုတည်း ကြည့်လို့မရဘူး။ ကလေးရဲ့ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဘဝတစ်သက်တာ အခြေခိုင်ရေးတွေကို ပျိုးထောင် ပေးလိုက်တာလို့ မှတ်ယူထားနိုင်ရမယ်။ ထိပ်တန်းဘော်ဒါကျောင်းတွေမှာ သာမန် ကျောင်းတွေထက် သာတဲ့အချက်တွေ အများကြီးရှိတာကို မငြင်းနိုင်ပါဘူး။ စာသင်ခန်းသေးသေး၊ လူဦးရေ အကန့်အသတ်၊ ဆရာကျောင်းသား သင်ကြား သင်ယူမှုမှာ အာရုံစိုက်နိုင်ရေး၊ ကျောင်းသားဗဟိုပြု ပညာရေးစနစ်တွေကို အကောင်းဆုံး အကောင် အထည်ဖော်နိုင်အောင် အားထုတ်နေကြတယ်ဆိုတာ သိသာမြင်သာတဲ့ အချက်ဖြစ်ပါတယ်။ဘော်ဒါ ကျောင်းကောင်းကောင်းတွေမှာ သာမန်ကျောင်းတွေ
စိတ်ကူးယဉ်လို့မရနိုင်တဲ့ အချက်တွေကို အများကြီး ရှိနေတာကလည်း အမှန်ပဲ။ ကောင်းကောင်းပေး၊ ကောင်းကောင်းမွေးဆိုတဲ့ စနစ်အတိုင်း ဖြစ်မယ် ထင်ပါတယ်။အထူးသဖြင့်တော့ ကျောင်းပြင်ပလှုပ်ရှားမှု ဥပမာ အားကစားလုပ်ငန်းတွေမှာ
အခြားကျောင်းတွေထက် ထူးချွန်တဲ့ကျောင်းသားတွေ မွေးထုတ်ပေး နိုင်တာကလည်း အထင်အရှားပဲ။

ဘော်ဒါကျောင်းတွေက စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် လွတ်လပ်စွာပညာသင်ရှာခွင့်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေခွင့်တွေကိုတော့ အများကြီး အခွင့်အလမ်းတွေ ပေးထားတယ်။ ဂီတ၊ အနုပညာ၊ စာပေ၊ အားကစားတွေမှာ အခြားကျောင်းတွေထက်သာအောင် လုပ်ပေးတယ်။

မိသားစုဆက်သွယ်ခွင့်၊ အင်တာနက်သုံးခွင့်၊ မိုဘိုင်းဖုန်း သုံးခွင့်တွေကိုလည်း သူ့ အတိုင်းအတာလောက်ပဲ ခွင့်ပြုထားတာတွေ့ရတယ်။
တစ်ပတ်ကို ကျောင်းပိတ်ရက်တွေပဲ ဖုန်းနဲ့ အင်တာနက် သုံးခွင့်ပြုတာမျိုးတွေပေါ့။

နိုင်ငံခြားမှာ ဘော်ဒါကျောင်းသွားထားမယ်ဆိုတဲ့ မိဘတွေအနေနဲ့ ခေါင်းရှုပ်ကြရပါတယ်။ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့တွေမတူတဲ့နိုင်ငံရပ်ခြားကို ကိုယ့်သားသမီးတွေကိုပို့ဖို့ စဉ်းစားကြရ တယ်။


ဒီကဏ္ဍမှ ကမ္ဘာ့ထိပ်တန်း ဘော်ဒါကျောင်း ၁ဝ ကျောင်းကို ဖော်ပြလိုက်ပါတယ်။ လေ့လာသိမြင်နိုင် အောင်လို့ပါ။ တကယ့်နာမည်ကျော် ကျောင်းကြီးတွေပါ။


JFK Internarional (ဆွစ်ဇာလန်)



ဆွစ်ဇာလန်နိုင်ငံမှာ ဘော်ဒါကျောင်းကွဲ အမျိုးမျိုးရှိတယ်။ ဒီကျောင်းတွေအထဲက JFK ကျောင်းကို အကောင်းဆုံးလို့ သတ်မှတ်ထားတယ်။ အဲ့လ်ပ်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဖွင့်ထားတယ်။ အဓိက
အင်္ဂလိပ်ဘာသာစကားနဲ့ပဲ သင်တယ်။ နိုင်ငံတကာစံအတိုင်းသင်တယ်။

ကျောင်းသားက တစ်ကျောင်းလုံးမှာမှ ၆ဝ ကနေ ၇ဝ လောက်ပဲ လက်ခံတယ်။ အသက်ကလည်း ၅ နှစ်ကနေ ၁၄ နှစ်အတွင်းလို့ ကန့်သတ်ထားတယ်။ ပညာရေးမှာ နိုင်ငံတကာကနေ ဒီကျောင်းကို တက်ခွင့်ရဖို့ အတော်လေးကြိုးစားကြတယ်။ တက်ခွင့်ရရင်လည်း
ဂုဏ်ယူကြတယ်။

ကလေးတွေကို ကိုယ့်သားသမီးနဲ့မခြား မိသားစုအသွင် စောင့်ရှောက်ထိန်းသိမ်းပေးတယ်။ JFK ကျောင်းမှာ ကွန်ပျူတာကို
သင်ထောက်ကူအဖြစ် အဓိထားပြီးကိုင်ကြရတယ်။ ကလေးတိုင်းရဲ့ ပင်ကိုယ်အရည်အသွေး
ဖော်ထုတ်ရေး၊ အစွမ်းပြနိုင်ရေးကို ဦးစားပေးထားတယ်။

ကနေဒီကျောင်းဟာ ငြိမ်းချမ်းအေးဆေးပြီး ကလေးတွေဖွံ့ဖြိုးတိုးတက်မှု အရမ်းကောင်းတယ်လို့ နာမည်ကြီးတယ်။ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေအတိုင်း ပြဋ္ဌာန်းသင်ကြားတယ်။ ကျောင်းတွင်းလှုပ်ရှားမှု တွေမှာ ပါဝင်ကြရတယ်။
လေ့လာရေးခရီးတွေထွက်တယ်။ အားကစား လှုပ်ရှားမှုတွေမှာ ပါဝင်ကြရတယ်။

ဒီကျောင်းဘာကြောင့် အောင်မြင်ရသလဲဆိုတော့ ကလေး တစ်ဦးချင်းလိုအပ်ချက်ကို အသေးစိတ် စေတနာနဲ့ ဖြည့်ဆည်ပေးနိုင်တာကြောင့်လို့ဆိုတယ်။ အသေးစိတ်သိချင်ရင် http://www.jfk.ch/ မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။


Branksome Hall (ကနေဒါ)




၁၉ဝ၃ ခုနှစ်ကတည်းက ထူထောင်ထားတဲ့ကျောင်းပါ။ ပထမတန်းစားကျောင်းစာရင်းဝင်ပြီး နေ့တက်ကျောင်းနဲ့ ဘော်ဒါကျောင်း
နှစ်မျိုးရောထားတယ်။ အမျိုးသမီးသီးသန့်ကျောင်းဖြစ်တယ်။ မူကြိုကနေ တက္ကသိုလ်ဝင်တန်း အထိ အတန်းတွေကို ဖွင့်လှစ်သင်ကြားပေးတယ်။

ကျောင်းအနေနဲ့ လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်နေတဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီး အစိုးရထံက အထောက်အပံ့ မယူဘူး။ နေ့တက်နဲ့ ဘော်ဒါနေကိုလည်း ခွဲခြားသင်ကြားပေးခြင်းမရှိဘူး။ တစ်တန်းတည်းသင်ပေးတယ်။ အဆောင်နေစောင့်ရှောက်မှုက သီးခြားခွဲထားတယ်။ ကမ္ဘာအနှံ့ နာမည်ကျော်ဆရာတွေကို စုဆောင်းထားပြီး ပညာသင်ကြားပေးတယ်။

ဒီကျောင်းမှာ လွတ်လပ်တဲ့စသင်ရိုးပြဋ္ဌာန်းချက်များနဲ့ သင်ကြားပေးတာကြောင့် ဒီကျောင်းက ကလေးတွေဟာ တွေးခေါ်စွမ်းအား၊ စူးစမ်းလေ့လာအားတွေ အရမ်းကောင်းတယ်လို့ နာမည်ကြီး တယ်။ ပြဋ္ဌာန်းချက်ကတစ်ပိုင်း၊ ကိုယ်ကြိုက်တာကို ရွေးချယ်ရတာကတစ်ပိုင်း ပေါင်းစပ်သင်ပေး တယ်။ ကမ္ဘာ့အဆင့်မီပညာရေးကိုပဲ ဦးတည်သင်ကြားပေးတယ်။ဒီကျောင်းမှာ ၈ တန်းကနေ ၁၂ တန်းအထိကိုလည်း လာတက်လို့ရတယ်။ အဆောင်နေ ကျောင်းသူတွေကို ဂရုစိုက်စောင့်ရှောက်တာကလည်း အထူးကောင်းမွန်တယ်။ နိုင်ငံတကာ နာမည်ကျော် ဆရာ ဆရာမတွေရဲ့ လက်ထဲကိုထည့်ထားပေးတာကြောင့်
ဒီကျောင်းထွက်တွေဟာ ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်ကြီးတွေကို ရောက်သွားကြတာ များတယ်။

Diocesan School (နယူးဇီလန်)




အမျိုးသမီးသီးသန့်ကျောင်းဖြစ်တယ်။ Auckland တက္ကသိုလ်လက်အောက်မှာ ဖွင့်ထားတယ်။ နယူးဇီလန်မှာ ထိပ်တန်းကျောင်းတစ်ကျောင်း ဖြစ်တယ်။ ရာစုနှစ်ဝက်လောက်သက်တမ်းရှိပြီဖြစ်တဲ့ ဒီကျောင်းကို သမီးတွေ၊ အဖွားတွေ၊ မြေးမြစ်တွေအဆင့်အထိ ကျောင်းလာအပ်ကြတဲ့ မြင်ကွင်းတွေကို ယနေ့တိုင်တွေ့ရတယ်။သမိုင်းဝင်ကျောင်းအဖြစ်လည်း နိုင်ငံသားတွေက အလေးထားကြတယ်။ခေတ်အမီဆုံး သင်ထောက်ကူပစ္စည်းတွေကို အမြဲတန်းဖြည့်ဆည်းပေးနေပြီး၊ သင်ယူမှုအတွက် အကောင်းဆုံး ရုပ်ပတ်ဝန်းကျင်အနေအထား၊ အနားယူအပန်းဖြေစရာ အခြေအနေပေါင်းများစွာကိုလည်း ဖန်တီးပေးထား သေးတယ်။ နှစ်စဉ် အဆင့်မြှင့်ရေးကိုပဲ အလေးထားတယ်။ နိုင်ငံအတွင်း ကျောင်းသူတွေသာမက နိုင်ငံတကာကျောင်းသားတွေလည်း ဒီကျောင်းတက်ခွင့်ရရေးအတွက် ကြိုးစားကြတယ်။ ဘော်ဒါဆောင်ကလည်း ကျောင်းသူ ၃၅ ယောက်ပဲ လက်ခံပေးတယ်။ စိတ်ပါဝင်စားသူတွေ http://www.diocesan.school.nz/%3

No comments: